IMDB 6.0/10
William Tell is a veteran who has returned from the Battle of Jerusalem and has established a simple family as a hunter.
He lives a peaceful life with his family in the Swiss valley, not wanting to see the horrors of war. He also believes in God and helps others.
While living like this, he is called upon to help a tax collector who attacked him cross a stormy lake. Tell, who follows the path of God, helps him cross the stormy lake without fear.
On the other hand, the tax collector he helped attacked is a powerful Austrian king, so the king is furious and sends the duke to arrest the culprit and save his honor.
The Count was a cruel man who burned down every village in Switzerland until he found the culprit. In order to show his power, the Swiss people, who were originally not friendly with each other due to ethnic problems, started to fight against Austrian rule and prepared to attack the Austrian army. This film is a wonderful and mysterious depiction of the 14th century Swiss patriot hero Wilhelm Tell. It is set against a stunning backdrop of mountains and forests and depicts the oppression and exploitation of towns and villages under the rule of the warlords. This is a must-see for fans of medieval films.
I
MDB 6.0/10
Willam Tell ဟာ ဂျေရုစလင်တိုက်ပွဲကနေ ပြန်လာပြီး
အမဲလိုက်သမားဘဝနဲ့ ရိုးရိုးကုပ်ကုပ်မိသားစုတစ်စုကို ထူထောင်
ထားသူစစ်ပြန်တစ်ယောက်ဖြစ်ပါတယ်။
စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်မတွေ့ချင်တော့လို့ ဆွစ်ဇာလန်
တောင်ကြားထဲမှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း
ဖြတ်သန်းနေသူတစ်ယောက်ဟာ ဘုရားသခင်ကိုလည်း
ယုံကြည်သူဖြစ်ပြီး သူတစ်ပါးကိုပါ ကူညီတတ်သူဖြစ်ပါတယ်။
ထိုသို့နေထိုင်ရင်း အခွန်တော်ကောက်တစ်ယောက်အား
တိုက်ခိုက်ခဲ့သူကို မုန်တိုင်းထန်နေတဲ့ကန်ရေပြင်ကိုဖြတ်ကာ
ကူညီပေးဖို့ ဖြစ်လာခဲ့ရာမှာလည်း ဘုရားသခင်ရဲ့လမ်းစဉ်ကို
လိုက်နာသူဖြစ်တဲ့ Tell ဟာ မုန်တိုင်းထန်နေတဲ့ ရေကန်ထဲကို
အကြောက်အလန့်မရှိ ဖြတ်ကူပေးပါတယ်။
တစ်ဖက်မှာလည်း ၎င်းကူညီပေးခဲ့သူ တိုက်ခိုက်ခဲ့တဲ့ အခွန်တော်
ကောက်ဟာ တန်ခိုးထားနေတဲ့ ဩစတြီးယားဘုရင့်လူဖြစ်တာကြောင့်
ဘုရင်ဟာ အမျက်ရှလျက် တရားခံကို ဖမ်းဆီးပြီး သူ့သိက္ခာကို
ဆယ်ဖို့ မြို့စားဖြစ်သူကို စေခိုင်းခဲ့ပါတယ်။
ထိုမြို့စားဟာ ရက်စက်ကြမ်းကြုတ်သူပီပီ တရားခံကိုမမိမချင်း
ဆွစ်ဇာလန်ရွာမှန်သမျှကို လိုက်လံရှင်းလင်း မီးရှို့ဖျက်ဆီးပြီး
အာဏာပြရာမှာတော့ မူလက လူမျိုးစုပြဿနာများကြောင့်
အချင်းချင်းမသင့်မြတ်ကြသူ ဆွစ်ဇာလန်လူမျိုစုများအချင်းချင်း
သွေးစီးကာ ဩစတြီးယားရဲ့ အုပ်ချုပ်မှုကို စုပေါင်းတွန်းလှန်ကြဖို့
အကြောင်းဖန်တီးလာပြီး ဩစတြီးယားစစ်တပ်များကို တိုက်ခိုက်ဖို့
ပြင်ဆင်ကြရာမှာတော့…
ဒီကားလေးမှာဆိုရင် ၁၄ ရာစုရဲ့ ဆွစ်ဇာလန်မျိုးချစ် ဒဏ္ဍာရီ
သူရဲကောင်း လေးသည်တော် Wilhelm Tell အကြောင်းကို
အံဩဆန်းကြယ်စွာရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ရင်သပ်ရှုမောဖွယ်
တောတောင်ရေမြေတွေကိုနောက်ခံပြုကာ စစ်ဘုရင်တို့ရဲ့
လက်အောက်က မြို့များရွာများရဲ့ နှိပ်စက်ကလူပြုကျင့်ခံရမှုတို့ကို
ရသမြောက်တင်ပြထားတာဖြစ်လို့ အလယ်ခေတ်ရုပ်ရှင်ကြိုက်သူ
ပရိသတ်များ မြည်းစမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ကြောင်း
ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…..
